Gmail passworld မေ့ရင်ဘယ်လိုပြန်ယူမလဲ

gmail passworld မေ့သွားတဲ့ အကောင့်ကို ဘယ်လိုပြန်ယူမလဲ နည်းလမ်းပေါင်းများစွာရှိမှာပါ ကျနော်ကတော့ အခြေခံသဘောတရားလေးကို တင်ပြပေးပါ့မယ်ခင်ဗျာ ပထမဆုံး browser တစ်ခုခုမှာ
https://mail.google.com ဆိုပြီးရိုက်ရှာလိုက်ပါဗျာ gmail account sign in ဝင်စရာ page တစ်ခုတွေ့ပါလိမ့်မယ်ခင်ဗျာအောက်ကပုံမှာပြထားတဲ့အတိုင်းပေါ့  အဲ့မှာ pwd မေ့သွားတဲ့ mail နဲ့ ဘော်ဒါတို့ စိတ်ထဲမှာ ထင်တဲ့ pwd တစ်ခုခုကို ရိုက်ထည့်ပြီး sign in ဝင်ကြည့်ပါ
၃-၄ ခါလောက် ထင်တဲ့ pwd တစ်မျိုးတည်းနဲ့ sign in ဝင်ပြီးရင် အောက်နားက need help ကိုနှိပ်လိုက်ပါ ခဗျ

Need Help ကိုနှိပ်ပြီးရင်တော့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်ဗျာ
အဲ့မှာ i don't my pwd ကို တစ်ချက်ကလစ်ပြီး ဘော်ဒါတို့ pwd မေ့နေတဲ့ gmail ကိုဖြည့်ပြီး continue ပေါ့

ကဲဗျ အောက်မှာ ကြည့်ပါ ကျနော်တို့က pwd မေ့နေတာဆိုရင်တော့ I Don't Know ပေါ့နော် အဲ့လိုမှ မဟုတ်ဘဲ pwd အချိန်းခံရတာတို့ အခိုးခံရတာတို့ဆိုရင်တော့ မိမိတို့မှတ်မိတဲ့ pwd ကိုဖြည့်ပြီး Continue ပေါ့ဗျာ

နောက်တစ်ဆင့်မှာတော့ Recover လုပ်ထားတဲ့ mail တွေဘာတွေ ပါလာနိုင်တာပေါ့ဗျာ Recover လုပ်ထားတဲ့ mail ကိုယ့်ဆီရှိရင်တော့ Continue ပေါ့ အဲ့လိုမှ မဟုတ်ဘဲ mail လဲ ကိုယ့်ဆီမရှိဘူးဆိုရင်တော့ verify your identity ဆိုတာလေးနှိပ်ပါခဗျ

ဟုတ်ကဲ့ ခုတိုင်းလေးပြီးသွားရင်တော့ မိမိတို့ဆီမှာ ရှိတဲ့ mail တစ်ခုနဲ့ recover လုပ်ယူရမှာဖြစ်ပါတယ်ခင်ဗျ ဘော်ဒါတို့ဆီမှာ ရှိတဲ့ mail ကို အောက်ကပုံမှာပြထားသိလို အထက် အောက် နှစ်ကွက်လုံးမှာဖြည့်လိုက်ပါ ဖြည့်ပြီးရင်တော့ Continue နှိပ်လိုက်ပါခဗျ

အရေးကြီးတဲ့နေရာ ရောက်လာပါပြီခဗျ  ဘော်ဒါတို့ passworld မေ့နေတဲ့ mail ရဲ့ info ကိုဖြည့်ပေးရမယ်ခဗျ အပေါ်က သုံးကွက်မှာ pwd မေ့နေတဲ့ mail ရဲ့ နောက်ဆုံး sign in ဝင်ခဲ့တဲ့ ရက် / လ / နှစ် ကိုဖြည့်ပေးရမှာဖြစ်ပါတယ် အောက်က နှစ်ကွက်မှာတော့ pwd မေ့နေတဲ့ mail ကိုစတင်ပြုလုပ်(create)ခဲ့တဲ့ လနဲ့နှစ်ကိုဖြည့်ပေးရပါ့မယ် အာ့တွေဖြည့်ပြီးရင်တော့ Continue နှိပ်ပါခင်ဗျာ အောက်မှာကျနော်ဖြည့်ပြထားပါတယ်ခဗျ ရက်,လ,နှစ်တွေကတော့ ဘော်ဒါတို့ mail ရဲ့ Date အတိုင်းဖြည့်ပေါ့

အောက်ကလိုမျိုး Email Sent to ဆိုပြီးပေါ်လာရင်တော့ gmail recover လိုက်တာ အောင်မြင်ပါပြီခင်ဗျ  ဘော်ဒါတို့ recover အတွက်လုပ်ထားတဲ့ mail ထဲကိုသွား ကြည့်ရပါ့မယ်

Mail ထဲမှာ Google Account Recovery ဆိုတဲ့ခေါင်းစဉ်နဲ့ mail တစ်စောင်ရောက်နေပါလိမ့်မယ် ဖွင့်ကြည့်လိုက်ပါဗျာ

ဟုတ်ကဲ့ဗျာ အောက်မှာပြထားသလို passworld ကိုပြန်ပြီး Reset ချစရာ link တစ်ခု ပါလာပါလိမ့်မယ်ဗျာ နှိပ်လိုက်ပါ

ခုတိုင်းဆိုရင်တော့ ဘော်ဒါတို့ရဲ့  passworld အသစ်ကိုအထက်အောက်နှစ်ကွက်လုံးမှာဖြည့်ပြီး Change passworld ကိုနှိပ်လိုက်ပါ

ခုတိုင်းပေါ်လာရင်တော့ ဘော်ဒါတို့ရဲ့ google account ကို ခုချိန်းလိုက်တဲ့ pwd အသစ်နဲ့ sign in ဝင်ပြီး အသုံးပြုလို့ရပါပြီ ခင်ဗျာ

ခု ကျနော်ပြခဲ့တဲ့နည်းလေးကို အပုံလေးတွေစုပြီး မိုးညချစ်သူ.apk ဆိုပြီးပြန်လည်ပြုပြင်ထားပါတယ် ဘော်ဒါတို့အနေနဲ့ အချိန်မရွေးပြန်လည်ဖက်ကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်းလင့် ပေးထားပါတယ်ခက်ဗျာ

>>>>>>>>> DOWNLOAD <<<<<<<<<

ဒေါင်းနည်းကိုမသိပါက   

ဒီမှာနှိပ်ပြီးကြည့်ပါ 


မိုးညချစ်သူဘလော့ကို လာရောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ




No comments:

Post a Comment