Samsung J700H ဖုန်း ဗားရှင်း 6.0.1 marshmallow Root လုပ်နည်း

Samsung J700H ဖုန်းအတွက် နောက်ဆုံထွက် ဗားရှင်း 
6.0.1 marshmallow Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။
ဒီဖုန်းရဲ့ ဗားရှင်း 6.0.1 marshmallow ကို Root လုပ်မယ်
ဆိုရင်တော့ Custom Recovery အရင်ထည့်သွင်းပေးရပါမယ်


ပြီးတော့မှ ROOT_J700H_6.0.1_BY_ALOSYRIA.zip ဖိုင်ဖြင့် 
Recovery Mode မှ Supersu.zip ဖိုင်ကို Flash ပေးသကဲ့သို့
ထည့်ပေးလိုက်ရုံဖြင့် Root access ရရှိနိုင်ပါတယ်။


 လိုအပ်ချက်များ
=========
၁။ Samsung USB Driver

၂။ Odin Flash Tool for windows

၃။ USB Cable 

၎။ ROOT_J700H_6.0.1_BY_ALOSYRIA.rar

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။

ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။




Password File ALOSYRIA


 TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ထဲတွင် Twrp File & Root.zip ပါလိမ့်မယ်
zip ဖိုင်များကိုတော့ လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ။

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်း Samsung J700H မှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။



ROOT_J700H_6.0.1_BY_ALOSYRIA.rar ဖြင့် 
Root ပြုလုပ်နည်းကိုတော့ အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ


 
လိုအပ်ချက်များ
==========
၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ်

၂။ ROOT_J700H_6.0.1_BY_ALOSYRIA.rar ဖြစ်နေရပါမယ်

 
ROOT_J700H_6.0.1.zip ဖြင့် Root ပြုလုပ်နည်း
=============================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ ROOT_J700H_6.0.1.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

၅။ ROOT_J700H_6.0.1.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။

How to root j700h 6.0.1 marshmallow 
========================
========================




Credit: http://halabtech.com




Download ဆွဲနည်း

Download ကိုနှိပ်ပါ
5 Sec စောင့်ပါ
SKID AD ကိုနှိပ်ပါ
လိုချင်တာကိုဆွဲလို့ရပါပြီ..

အခြားPostများကြည့်လိုပါကအပေါ်က Menu မှာကြည့်လို့ရပါတယ်နော်

****အဆင်မပြေမှု့တစ်စုံတစ်ရာရှိပါက****
  
Facebook Account ဖြစ်တဲ့

အောက်ပါပုံလေးကိုနှိပ်ပြီးဝေဖန်အကြံပေးနိုင်ပါတယ်
https://www.facebook.com/yaungpyan.tec


****ကျွန်တော့်ရဲ့ ရောင်ပြန်လေး(နည်းပညာ)Page ကို Like နှိပ်ထားပါဦး****

https://www.facebook.com/yaungpyanlaytechnology/

@@@@စာပေ၀ါသနာပါရင်ကျွန်တော့်ရဲ ရောင်ပြန်လေး-စာအုပ်စင် Page ကို Like နှိပ်ထားပါဦး@@@@ 

https://www.facebook.com/yaungpyanebook/
$$$$အားပေးမှု့ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်$$$$

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ

No comments:

Post a Comment