တွေးတွေးပြီးရယ်ရအောင်



(၁)
ကထိကရဲ့ အဓိပ္ပါယ်က ဘာလဲ?

ကထိကဆိုတာ အခြားလူတွေအိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ
ပြောချင်ရာတွေပြောတတ်တဲ့အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ဖြစ်ပါသည်။

(၂)
စာမေးပွဲဆိုတာ ချစ်သူမိန်းကလေးလိုပါပဲ။
မေးခွန်းတွေအများကြီးမေးတယ်။
နားလည်ဖို့ ခက်ခဲတယ်။
အများကြီး ရှင်းလင်းဖြေဆိုရတယ်။
နောက်ဆုံးရလဒ်ကတော့ အမြဲတမ်း ကျရှုံးမှုပဲ။

(၃)
တက္ကသိုလ်ကောလိပ် ဥပဒေသ (၃)ချက်

စာသင်ခန်းများအတွင်း၌ ဆူညံမှုမပြုရ၊ တိတ်ဆိတ်ငြိမ်သက်စွာ နေရမည်။
အဘယ်ကြောင့်ဆိုသော် အခြားသူများ အိပ်မောကျနေသောကြောင့် ဖြစ်သည်။
စာသင်ခန်းလာရာတွင် သင်တို့၏ လွယ်အိတ်များကို မမေ့မလျော့ ယူဆောင်လာရမည်။
အဘယ်ကြောင့်ဆိုသော် ........
၎င်းတို့ကို ခေါင်းအုံးအဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
ကျောင်းပုရိဝုဏ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရမည်။
ထို့ကြောင့် ညစ်ပတ်အောင်အရင်လုပ်ရမည်။



(၄)
မေး - သူလျှိုတစ်ယောက်ရဲ့သား စာမေးပွဲကျလာတဲ့အခါ သူ့အဖေကို ဘာပြောမယ်ထင်သလဲ?
ဖြေ - အဖေ၊ သူတို့တွေ ကျွန်တော့်ကို (၃)နာရီလုံး မေးခွန်းတွေ မေးကြတယ်၊
ဒါပေမယ့် ကျွန်တော် သူတို့ကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ နေနိုင်ခဲ့တယ်။

(၅)
ကျွမ်းကျင်ထက်မြက်တဲ့ ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက်
ကျောင်းစာတွေကို အမြဲတမ်းစာမေးပွဲနီးမှပဲ ပြင်ဆင်ကျက်မှတ်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုစာမေးပွဲနီးမှ ဖုတ်ပူမီးတိုက်ပြင်ဆင်ခြင်းက အချိန်ကို
ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာနဲ့ အရေးပေါ်အခြေအနေတွေကို ဘယ်လိုဖြေရှင်း
ကိုယ်တွယ်ရမယ်ဆိုတာကို သင်ကြားပေးလို့ပါပဲ။

(၆)
ကားမောင်းသူတစ်ဦး အမှားတစ်ခုလုပ်မိရင် မတော်တဆမှုတစ်ခု ဖြစ်တယ်။
သိပ္ပံပညာရှင်တစ်ယောက်က အမှားလုပ်မိရင်တော့ တီထွင်မှုတစ်ခု ဖြစ်တယ်။
စက်ချုပ်သမားတစ်ယောက်က လုပ်မိရင် ဖက်ရှင်အသစ်တစ်မျိုး ဖြစ်တယ်။
ပရော်ဖက်ဆာတစ်ယောက်က အမှားလုပ်မိရင် သီအိုရီအသစ်တစ်ခု ဖြစ်တယ်။
ကျောင်းသားတစ်ယောက်က အမှားလုပ်မိရင်ကော.... ?
အဲဒါဆိုရင်တော့ အမှားက အမှားပဲဖြစ်ပါတယ်။ အပြစ်ပေးခံရမလား၊ တိုင်စာပို့ခံရမလား၊
စာမေးပွဲကျမလား တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။

(၇)
ဆရာမ - ကဲ... သီတာ၊ ဆရာမကို ရေသတ္တ၀ါ (၅)မျိုး ပြောပြပါဦး။
သီတာ - ငါး။
ဆရာမ - မှန်တာပေါ့။ ကျန်တဲ့ (၄)ကောင်ကို ပြောပြပါဦး။
သီတာ - ငါးအဖေ၊ ငါးအမေ၊ ငါးညီလေး၊ ငါးညီမလေး။

(၈)
ငါ ... ဘာများ အမှားလုပ်ခဲ့မိသလဲကွာ။
မင်းဘာကြောင့် ငါ့ကို ရှောင်ဖယ်ပစ်ခွါနေရတာလဲ။
တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ မင်း...ငါ့ကို သတိရတဲ့အတွက်
ငါ ...ဘယ်လောက်
နာကျင်ကြေကွဲရတယ်ဆိုတာ မင်းသိရဲ့လား။
အချစ်များစွာဖြင့်
မင်းရဲ့
ပြဋ္ဌာန်းစာအုပ် (Text book)

(၉)

ကထိကတစ်ယောက်မှာ မိခင်တစ်ယောက်ထက် သာတဲ့အချက်တွေများ ရှိသလား?
ရှိတာပေါ့။ မိခင်တစ်ယောက်က သားတစ်ယောက်ကိုပဲ အိပ်ပျော်အောင် ချော့သိပ်နိုင်တယ်။
ကထိကတစ်ယောက်ကတော့ တစ်ခန်းလုံးကို အိပ်မောကျစေနိုင်တယ်လေ။

(၁၀)
သမိုင်းဆရာ - ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား - ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။
သမိုင်းဆရာ - ကောင်းပြီ၊ ၁၉၂၀ မှာရော ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား - ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။


  ဒီဆိုဒ်လေးကို မိမိတို့ဆိုဒ်မှာ ညွှန်းချင်တယ် ဆိုရင်
အောက်မှာ ပေးထားတဲ့ ကုဒ်လေးကို ယူပြီး မိမိတို့ ဘလော့ရဲ့
Add a Gadget ထဲကHTML/Java Script ထဲကိုထည့်ပြီး
အလွယ်တကူ ညွှန်းနိုင်မှာ ဖြစ်ပါတယ် 



APK ​ဒေါင်းယူနည်း
~~~~~~~~~~~~~~
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။


**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


ကျ​နော်​ 18+ blog ​လေးတစ်​ခု​ထောင်​ထားပါတယ်

ကျ​နော့ရဲ့ 18+ blog ​လေးကိုလာလည်​မယ်​ဆိုရင်

ဒီမှာနှိပ်​ပြီး ​ရောက်​လည်​ပတ်​နိုင်​ပါတယ်

No comments:

Post a Comment