ဖုန်းဘက်ထရီကိုအားစားသက်သာစေမယ့်နည်းလမ်း ၁၀ ချက်




တော်တော်များများ သိပြီးသားဖြစ်ပါမယ်။ site တစ်ခုကနေ တွေ့လို့ အကျယ်ပြန်ရေးပြီး ဘာသာပြန်ပေးလိုက်တာပါ။ ဒီအချက်တွေ လုပ်ထားမယ်ဆိုရင် သင့် Battery က ပိုပြီး ကြာရှည်ခံပါလိမ့်မယ်။


(၁) Turn Off Wireless Communications

wifi , mobile internet , GPS , Bluetooth လိုင်းများကို မလိုအပ်ပဲ ဖွင့်မထားပါနဲ့။ Battery အားစားစေတဲ့အထဲမှာ သူတို့လဲ ထပ်ဆုံးကပါပဲ။




(၂) Adjust the Brightness

Screen အလင်းကို အရမ်းမြှင့်မထားပါနဲ့။ ကျွန်တော်ဆို သုံးပုံ တစ်ပုံလောက်ပဲ ထားပါတယ်။ တစ်ကိုယ်စာ မြင်ရရင် တော်ပြီပေါ့။ တစ်ဝက်လောက် မြှင့်ထားရင်ကို အားက အနည်းငယ် စားနေပါတော့တယ်။


(၃) Disable unused Home screen widgets

Widget များ အသုံးပြုချင်းကလဲ အားကုန်စေပါတယ်။ တစ်ချို့ widget များမှာ Battery usage အရမ်းသုံးပါတယ်။ animation ပါသော widget များမှာ အားအသုံးများပါတယ်။ မလိုအပ်တဲ့ widget တွေကို ဖျက်ပစ်ပါ။


(၄) Turn Off auto synchronization

Auto Sync လုပ်ထားတာကို ပိတ်ထားတာ အကောင်းဆုံးပါပဲ။ Auto Sync ကို ဖွင့်ထားရင် အင်တာနက်အသုံးပြုတိုင်း နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့အတွက် အားကုန်စေပါတယ်။ ကျွန်တော်ကတော့ လုံးဝ မသုံးသလောက်ပါပဲ။


(၅) Kill Unnecessary tasks

မလိုအပ်ပဲ အလုပ်လုပ်နေတဲ့ app တွေကို ပိတ်ပစ်ဖို့က Task Killer တစ်မျိုးမျိုး မရှိမဖြစ် ထည့်ထားသင့်ပါတယ်။ Task Killer app တွေထဲမှာဆိုရင် Fast Reboot ကို သုံးကြည့်ပါ။ အကြိုက်ဆုံးပါပဲ။


(၆) Disable Haptic Feedback

မှန်ပြင်ကိုထိရင် အသံထွက်တာတို့(သို့)တုန်ခါသွားတာတို့ လုပ်မထားပါနဲ့။ အဲ့ဒီ function တွေကလဲ မသိမသာ Battery ကို အားကုန်စေပါတယ်။

Setting ထဲသွားပြီး Sound ဆိုတဲ့အထဲဝင်ကာ Vibrate When ringing , Dialing Keypad tone , Touch sounds , Haptic feedback .. စတာတွေကို ပိတ်ထားသင့်ပါတယ်။


(၇) Uninstall unnecessary apps

မလိုအပ်တဲ့ app တွေကို အမြဲ ရှင်းလင်းပေးပါ။ ကျွန်တော်ဆို App တွေ အများကြီး ကလိပါတယ်။ ဒါပေမဲ့ အသုံးမပြုတော့တဲ့ App တွေကို အမြဲ ရှင်းလင်းရေး လုပ်ရပါတယ်။ install လုပ်လိုက်ပြီး သုံးကြည့်လို့ မကြိုက်ရင်

ချက်ချင်း uninstall လုပ်ပါ။ မဟုတ်ရင် မေ့သွားတတ်ပါတယ်။ အဲ့အကျင့်လေးတော့ ရှိစေချင်တယ်။ ရှင်းလင်းရေး မလုပ်မိရင် app တွေများလာပြီး Battery လဲစား၊ ဖုန်းလဲ လေးလာပါတယ်။


(၈) Do not use many Live Wallpapers

Live Wallpaper သုံးခြင်းကလဲ Battery ကို အားကုန်စေပါတယ်။ နည်းနည်းပါးပါး ထည့်ထားရင် အကြောင်းမဟုတ်ပါဘူး။ တစ်ချို့မှာ Live Wallpaper တွေ အများကြီး ထည့်ထားတတ်ပါတယ်။ အသုံးမပြုသော်လဲ ထည့်ထားလိုက်တာနဲ့ သူ့မှာပါတဲ့ ကြေငြာများ၊ feedback function တွေက online ချိတ်လိုက်တာနဲ့ အလုပ် လုပ်တတ်ပါတယ်။ ဒါတွေကလဲ အားကုန်စေပါတယ်။


(၉) Use battery saving apps

Battery saver တွေ အသုံးပြုသင့်ပါတယ်။ သတိထားရမှာက Battery saver တွေ သုံးရင် ကိုယ့်ဖုန်းနဲ့ ကိုက်ညီတာကို ရွေးသုံးသင့်ပါတယ်။

နောက်ပြီး Pro version တွေကိုပဲ အသုံးပြုသင့်ပါတယ်။ Root နဲ့ အသုံးပြုရတာမျိုးကို ပိုသုံးသင့်ပါတယ်။ တစ်ချို့က ပြောတယ် .. Battery saver ထည့်လဲ အလကားပဲ .. အားက ကုန်တာက ကုန်တာပါပဲဆိုပြီး။ တကယ်တော့ အဲ့ဒါက မိမိ Battery မကောင်းရင်တော့ ဘယ်လို Battery saver ပဲ သုံးသုံး ကုန်မှာပါပဲ။ Battery saver တွေရဲ့ ရည်ရွယ်ချက်က Battery သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်အောင်ပါ။ ဒါကြောင့် ကိုယ့်ဖုန်းအမျိုးစားနဲ့ သင့်တော်မယ့်ဟာကိုသာ အသုံးပြုကြပါ။

Battery Doctor , Battery Booster , DX Battery Saver စတာတွေ လန်းပါတယ်။


(၁၀) Use Optimizer Apps

Optimizer app တွေကို အသုံးပြုသင့်ပါတယ်။ သူတို့က ဖုန်း Memory ထဲမှ မလိုအပ်သော Cache file များ၊ History file များ ကို ရှင်းလင်းပေးပါတယ်။

နောက်ပြီး system ကို ပြန်လည်သွက်လက်အောင်လဲ system memory ကို

ရှင်းပေးပါသေးတယ်။ Advance Mobile Care , Android Optimizer , Booster အစရှိတဲ့ App တွေက Optimizer function တွေ အပြည့်ဝ လုပ်နိုင်ပါတယ်။


ဒီအချက်(၁၀)ချက်သာ ပြုလုပ်ထားရင် မိမိ ဖုန်းက ခဏလေးနဲ့ အားကုန်သွားတဲ့ ပြဿနာကနေ ကင်းဝေးသွားစေပါမယ်။ Battery အသေတပ်ဆင်ထားသော ဖုန်းတွေမှာ မဖြစ်မနေ လုပ်ထားသင့်ပါတယ်။

ဈေးကြီးတယ်လေ။ ဖြုတ်လဲရရင် ဈေးက မသေးဘူး။ ဒါပါပဲဗျာ။ အားလုံးပျော်ရွှင်ပါစေ။


  ဒီဆိုဒ်လေးကို မိမိတို့ဆိုဒ်မှာ ညွှန်းချင်တယ် ဆိုရင်
အောက်မှာ ပေးထားတဲ့ ကုဒ်လေးကို ယူပြီး မိမိတို့ ဘလော့ရဲ့
Add a Gadget ထဲကHTML/Java Script ထဲကိုထည့်ပြီး
အလွယ်တကူ ညွှန်းနိုင်မှာ ဖြစ်ပါတယ် 



APK ​ဒေါင်းယူနည်း
~~~~~~~~~~~~~~
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။


**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


ကျ​နော်​ 18+ blog ​လေးတစ်​ခု​ထောင်​ထားပါတယ်

ကျ​နော့ရဲ့ 18+ blog ​လေးကိုလာလည်​မယ်​ဆိုရင်

ဒီမှာနှိပ်​ပြီး ​ရောက်​လည်​ပတ်​နိုင်​ပါတယ်

No comments:

Post a Comment