ဆပ်ကပ်


လူကောင်းတစ်ယောက်ရဲ့ ဘ၀မှာ အကောင်းဆုံးအစိတ်ပိုင်းဆိုတာ မကြီးကျယ်တဲ့ ၊ အမည်မဖော်တဲ့၊အမှတ်တရပြုမနေတဲ့ အကြင်နာ၊ မေတ္တာ အပြုမူလေးများပါ။ ( ၀ီလျံ ၀ါ့ဒ်စ၀ပ် )
ကျနော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေနှင့် ကျနော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ကြားမှာ မိသားစု တစ်ခုသာ ကျန်လေသည်။ သည်မိသားစုကို ကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ ၁၂ နှစ်ပြည့်သေးပုံမရ။ သူတို့အသွင်ပြင်တွေကိုကြည့်ခြင်းဖြင့် ငွေကြေးပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်းသိနိုင်သည်။ အ၀တ်အစားတွေက အဖိုးတန်ထဲကမဟုတ်။ သို့သော် သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာ ယဉ်ကျေးသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။ သို့သော် နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့်ဆပ်ကပ် လူပြက်များ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များအကြောင်းကို အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ ဘ၀မှာ တကယ် အမှတ်တရည ဖြစ်တော့မည် ပုံမျိုး။ အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏ်ယူသည့်အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏ မိခင်က ခွင်ပွန်းသည်၏ လက်ကိုကိုင်လျက် သူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေပုံမှာ `မေ့ချစ်သူလူစွမ်းကောင်းကြီး ဟု နှုတ်ခွန်းဆက်နေဘိသည့်အလား အထင်ကြီးမှု၊ လေးစားမှု လက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း " အားကိုးစမ်းပါ အချစ်ရယ် " ဟု ခွန်းတုန့်ပြန်နေသည့်အနှယ် ဂုဏ်ယူသောအပြုံးနှင့် ချစ်ကြည်နူးစွာ ကြည့်သည်။ သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား လက်မှတ်ဘယ်နှစ်စောင်ယူမလဲလှမ်းမေးသည်။ " ကျွန်တော် ကလေးလက်မှတ် ရှစ်စောင်နဲ့ လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ်။ အဲဒါမှ ကျနော်တို့ တစ်မိသားစုလုံး လာလို့ရမှာ" သူကတက်တက်ကြွကြွပင် ဖြေသည်။ အမျိုးသမီးက လက်မှတ်ခ နှုန်းထားများလှမ်းပြောသည်။ ဇနီးသည်က သူ့ခင်ပွန်း၏ လက်ကိုလွတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသည်။ သူ့အရှေ့သို့ အနည်းငယ်တိုးကား "ဘယ်လောက်ဗျာ" ဟူရ်ျ မေးသည်။ လက်မှတ်ရောင်းသောအမျိုသမီးက ဈေးနှုန်းတွေကို ထပ်ပြောသည်။ အဖေလုပ်သူမှာ ပိုက်ဆံအလုံလောက်မပါ။ သို့သော် သည်အချိန်ကျမှ သူ့အနောက်ဘက်လှည့်ကာ ကလေးတွေကို အဖေ့မှာ ပိုက်ဆံအလုံအလောက်မပါလို့ သည်ည ဆပ်ကပ်ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်လို့ ပြောထွက်နိုင်ပါမည်နည်း။ ဖြစ်ပျက်ပုံအလုံးစုံကို မြင်ကာ ကျွန်တော့အဖေ အင်္ကျီအိတ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀ တန်တစ်ရွက် ထုတ်လာပြီးနောက် မြေကြီးပေါ်အသာပစ်ချသည်။ ( ကျနော်တို့လည်း ချမ်းသာသူများမဟုတ်ကြောင်း ကြားဖြတ်ပြောလိုပါသည် ) ထို့နောက်အဖေပဲ သည်ပိုက်ဆံကိုပြန်ကောက်ကာ ကလေးများဖခင် ပခုံးကိုသွားပုတ်ပြီး ပြောသည်။ " ဒီမှာ ခင်ဗျ ၊ စောစောက ခင်ဗျားအိတ်ထဲက ထွက်ကျသွားတယ် " အဖေဘာလုပ်သည်ဆိုတာကို ထိုပုဂ္ဂိုလ် ကောင်းစွာ နားလည်လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်.။ သို့သော် သည်လိုအသည်းအသန်အရေးတကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့်အရှက်ကြီးရှက်ရမည့်အဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ့ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက်သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူ စူးစိုက်ရ်ျ ကြည့်သည်။ ဒေါ်လာ ၂၀ တန်ကိုင်ထားသော အဖေ့လက်ကိုသူ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့် ကျေးဇူးတင်စကားဆိုသည်။ "ကျေးဇူးတင်ပါတယ်ဗျာ ၊ တကယ့်ကို ကျေးဇူးပါပဲ၊ ကျတော့အတွက်ရော ၊ ကျတော့ မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူး ခင်ဗျာ " သည်လိုပြောရင်း သူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။ အဖေနှင့်ကျတော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့ ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည် အချည်းအနှီး ညတော့ လုံးဝ မဟုတ်ခဲ့။
( မူရင်း ။ ။ Dan Clark ၏ The Circus ) ( ဘာသာပြန် ။ ။ ဖေမြင့် ( နှလုံးသားအဟာရ ရသစာစု )



APK ​ဒေါင်းယူနည်း
~~~~~~~~~~~~~~
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။


**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ကျ​နော်​ 18+ blog ​လေးတစ်​ခု​ထောင်​ထားပါတယ်

ကျ​နော့ရဲ့ 18+ blog ​လေးကိုလာလည်​မယ်​ဆိုရင်

ဒီမှာနှိပ်​ပြီး ​ရောက်​လည်​ပတ်​နိုင်​ပါတယ်

No comments:

Post a Comment