IOS 10 တွင်ပါဝင်သည့် Feature အသစ် ၁၀ ခု


1. ဖုန်းကို ကိုင်လိုက်ရုံဖြင့်
Screen ပွင့်လာမယ် slide to unlock ဆိုတဲ့ Steve job ရဲ့ လက်ရာ Lock Screen လေးကို လက်ပြနှုတ်ဆက်ခဲ့ရပါတော့မယ်။ ဖုန်းကို စားပွဲပေါ်မှာတင်ထားတုန်း အကြောင်းကိစ္စတစ်ခုခုကြောင့် ကောက် ကိုင်လိုက်တာ နဲ့ Power or Home key တစ်ခုမှနှိပ်ရန်မလိုပဲ Screen unlock ပွင့်လာမှာပဲဖြစ်ပါတယ်။
2 . ယခင်ထက်လျှင်မြန်စွာ ဖွင့်လှစ်ကူးပြောင်းနိုင်မယ့် ကင်မရာ
ယခင်က Lock Screen အနေအထားမှာ ကင်မရာ ဖွင့်ဖို့အတွက် အပေါ်ကိုတွန်းတင်ရတာဖြစ်ပီး
ယခုအခါမှာတော့ ဘယ်မှာညာသို့တွန်းပြီး camera ကိုဖွင့်ရတော့မှာဖြစ်ပါတယ်။ IOS 10 မှာတော့
အဆိုပါ အကူးအပြောင်းစနစ်က ယခင် ကင်မရာဖွင့်ရတဲ့ နည်းထက် ပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။
3 . ရိုက်ကူးထားသော ဓါတ်ပုံများကို မျက်နှာ သို့ တည်နေရာ သတ်မှတ်ပြီးဖော်ပြနိုင်ခြင်း
 Ios 10 မှာပါဝင်တဲ့ Photo application ကတော့ သင့်ဓာတ်ပုံ အယ်ဘမ် ထဲမှာရှိတဲ့ လူတွေနဲ့ နေရာတွေကို
ခွဲခြားသတ်မှတ်ပေးမှာဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို မျက်နှာပြင်တွင် အမည်များ ထည့်သွင်းရေးသားထားခြင်းဖြင့် အလွယ်တကူ ပြန်လည်ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ ပြန်လည်ရှာဖွေရာမှာလည်း Search feature အသစ်တစ်ခုကို ထည့်သွင်းပေးထားတဲ့အတွက် ကြောင့် ပုံများကို search bar မှာ နေ့စွဲ အမည် နှင့် နေရာဒေသများကို ရိုက်သွင်းခြင်းဖြင့် အလွယ်တစ်ကူ လျှင်မြန်စွာပြန်လည်ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။
4 . Pre installed app များကို remove ပြုလုပ်နိုင်ခြင်း
Ios 10 မှာတော့ user app သာမက system app ကိုပါ remove ပြုလုပ်ခွင့်ပေးထားပါတယ်။
မိမိအနေနဲ့သိပ်အသုံးမဝင်ဘူးလို့ထင်တဲ့ system app အချို့ကို ဖြုတ်ထားနိုင်မှာဖြစ်ပြီး ပြန်လည်အသုံးပြုလိုပါက itunes store မှပြန်လည် download ဆွဲရယူနိုင်မှာဖြစ်ပါတယ်။
5 . Control Center Shortcut များ ကို 3D Touch စနစ်ဖြင့် အသုံးပြုနိုင်ခြင်း
3D Touch Function တွေပိုမို စုံလင်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
Control Center မှာပါရှိတဲ့ shortcut တွေဖြစ်တဲ့ light , clock , camer တို့ကို 3D Touch စနစ်ဖြင့်
လျှင်မြန်စွာ စီမံနိုင်တော့မှာဖြစ်ပါတယ်။
6. Voice mail transcription
ကိုယ်မသိတဲ့ unknow contact တစ်ခုခုမှ Voice Mail ဝင်လာခဲ့တဲ့အခါ တကူးတက ဖွင့်ပီး နားထောင်နေစရာ မလိုတော့ပါဘူး IOS 10 မှာပါဝင်တဲ့ Voice mail transcription စနစ်က နေပီး အဆိုပါ mail ကို text အဖြစ်ပြောင်းလဲပေးနိုင်တဲ့အပြင် အသံထွက်ပြီး ပြန်လည် ဖတ်ပြဦးမှာပဲဖြစ်ပါတယ်။
အဆိုပါ VMT service က လုံးဝပြီးပြည့်စုံနေတဲ့ စနစ်မျိုးတော့ မဟုတ်သေးပါဘူး ထပ်မံ မွန်းမံပြင်ဆင်နေမှာဖြစ်ပြီး ယခု ဒီစာကိုရေးနေတဲ့အချိန်အထိ english ဘာသာတစ်မျိုးကိုပဲ အထောက်အပံ့ပေးနိုင်ပါသေးတယ်။
7 Bilingual keyboard
သက်ဆိုင်ရာ ဘာသာစကားကိုရိုက်တဲ့ အခါ auto correct စနစ်က ပြသနာမရှိပေမယ့်
English စာကို Myanglish လိုပုံစံမျိုးတွေ ရိုက်တဲ့အခါမှာ auto correct စနစ်ကြောင့် အတော်လေး စိတ်ညစ်ဖို့ကောင်းပါတယ်။ ဥပမာ မသိဘူး ( Mathi လို့ရိုက်လိုက်တယ် ဆိုရင်ပဲ Mathematics တို့ Market) တို့ဆိုပြီး Auto correct လုပ်ယူသွားတတ်ပါတယ်။
ယခု IOS 10 မှာပါဝင်တဲ့ Bilingual Keyboard ကတော့ အဆိုပါ အခက်အခဲတွေကိုဖြေရှင်းပေးနိုင်မယ်လို့ဆိုပါတယ်။ သက်ဆိုင်ရာ ဘာသာ စကားအပြင် အခြား အသုံးများတဲ့ စကားစုတွေကို အလိုအလျှောက် မှတ်သားထားပြီး မိမိရိုက်တဲ့ ဘာသာရပ်အလိုက် နီးစပ်ရာများကို အမှန်ကန်ဆုံးဖြစ်အောင် ဖော်ပြပေးနိုင်မယ့် စနစ်မျိုးပါဝင်လာပါတယ်။
8 Live links in messages
Live Links in messages ဆိုတာကတော့ message ကနေတစ်ဆင့် url link များနှင့် video လင့်များပို့လိုက်တဲ့ အခါ လက်ရှိ message box ကနေ ထွက်မသွားပဲ message window ပေါ်မှာတင် တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
9 Use Siri with third-party apps
ယခု ios 10 မှာတော့ Voice control စနစ်ဟာ ပိုမိုအသုံးဝင်လာတော့မှာပဲဖြစ်ပါတယ်။ယခုအခါမှာ siri ဟာ build in app များနှင့်သာမက အခြား third-party app အချို့နှင့်ပါတွဲဖက် အလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။Square Cash, WhatsApp, Pinterest and LinkedIn အစရှိတဲ့ social network app များနှင့်လည်း တွဲဖက် အသုံးပြုနိုင်မယ်လို့သိရပါတယ်။
10 Lyrics!
ယခု apple music application မှာတော့ မိမိနားထောင်တဲ့ သီချင်းရဲ့စာသားများကိုဖော်ပြပေးနိုင်မယ့် option တစ်ခုပါဝင်လာပါတယ်။ လက်တလော သင် အနှစ်သက်ဆုံး Adele သီချင်း တစ်ပုဒ်ကိုဖွင့်လိုက်မယ် ဆိုရင် သီချင်းစာသားတွေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သီချင်းစာသားတွေကိုမြင်ရန်အတွက် Song bar ကိုအပေါ်သို့တွန်းတင်ရန်လိုအပ်မှာဖြစ်ပါတယ်။ ယခုလက်ရှိအချိန်ထိတော့ သီချင်းအားလုံးကို lyrics support လုပ်နိုင်မှာမဟုတ်သေးပါဘူး။


ယခု ဖော်ပြပါ Features ၁၀ ချက်ကို Video အဖြစ် သရုပ်ပြထားပါတယ်
အောက်ပါလင့် မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


APK ​ဒေါင်းယူနည်း
~~~~~~~~~~~~~~
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။


**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ကျ​နော်​ 18+ blog ​လေးတစ်​ခု​ထောင်​ထားပါတယ်

ကျ​နော့ရဲ့ 18+ blog ​လေးကိုလာလည်​မယ်​ဆိုရင်

ဒီမှာနှိပ်​ပြီး ​ရောက်​လည်​ပတ်​နိုင်​ပါတယ်

No comments:

Post a Comment