Gmail & Email အကြောင်းသိကောင်းစရာ

Email တွေထဲမှာ gmail ဟာလူကြိုက်အများဆုံး webmail ပါ။GMail နဲပတ်သတ်ပြီး လေ့လာမိသမျလေးကို တနေရာထဲမှာစုပြီးဖေါ်ပြပေးချင်လို့ပါ။GMail ၂ မျိုး :  GMail ကိုusername@gmail.comနဲusername@googlemail.comဆိုပြီး၂မျိုးတွေ့နိုင်ပါတယ်။ gmail ကတော့အဓိကသုံးတဲ့နာမည်ဖြစ်ပြီး gmail ဆိုတဲနာမည်ကို မူပိုင်ခွင့်မရတဲနိုင်ငံတွေမှာတော့ googlemail ဆိုပြီးသုံးပါတယ်။GMail လိပ်စာ :  GMail ကို အခြို့သောနိုင်ငံများမှာgmail.comမှာသုံးပေမဲ အခြို့နိုင်ငံများမှာတော့mail.google.comဖြစ်ပါတယ်။နောက်တချက်က HTTP  နဲ HTTPS ဆိုတာပါ အဲဒါကတော့ တနေရာထဲကိုရည်ညွှန်းပေမယ် ဆက်သွယ်မှစနစ်ခြင်းကွာပါတယ် HTTPS ဆိုတာ secure layer အလွယ်အားဖြင့် ပိုပြီးလုံခြုံတဲစနစ်ပေါ့။ Https ဖြင့်ချိတ်ဆက်ခြင်းဖြင့် ကိုယ်ရဲ့စာသွားရာလမ်းတလျောက်မည်သူမှခိုးယူမဖတ်နိုင်ဘူးလို့ဆိုလိုတာပါ။

GMail ဖွင့်ခြင်းGMail ကိုပုံမှန်အားဖြင့် standard mode လို့ခေါ်တဲ့ အပြည့်စုံဆုံးအသွင်အပြင်ဖြင့်ဖွင့်ပါတယ်။ အဲဒီမှာ Internet Headline News များနဲ GTalk ကဲ့သို့သော Feature တွေပေါင်းထည့်ပေးထားပါတယ်။ အဲဒါကြောင့်တနေရာထဲမှာတင် အလုပ်တော်တော်များမျာပြီးနိုင်ပါတယ်။ ဒါပေမယ်သင်ဟာနှေးကွေးတဲ့အင်တာနက် connection တခု ပေါ်ကသုံးနေရတယ် ဒါမှမဟုတ် gmail ကိုစာစစ်ဖို့သက်သက်သာသုံးချင်တယ် ပိုမြန်စေချင်တယ်ဆိုရင်တော့ basic html mode ဆိုတဲ့ Link ကိုနှိပ်ပြီး ရိုးရှင်းတဲ့အသွင်နဲ့သုံးနိုင်ပါတယ်။ ဒီအသွင်မှာတော့ instant messaging လို news headline တွေတော့ပါတော့မှာမဟုတ်ပါဘူး။ သင်ဟာ basic mode ကိုသဘောကျလို အဲဒါကိုပဲသုံးချင်ရင်တော့ set basic html as default ဆိုတဲ့ Link မှာနှိပ်လိုက်ပါ။ ဒါဆို သင် gmail ဖွင့်တိုင်းမှာ basic mode နဲ့ဖွင့်ပေးမှာဖြစ်ပြီး standard mode ဆိုတဲ့ Link ကိုနှိပ်မှသာ မူလ အတိုင်းပြန်ပြောင်းပေးမှာဖြစ်တယ်။LabelLabel ကတော့ ကွန်ပြူတာက folder သဘောမျိုးပါ။ ရှာရလွယ်အောင် သက်ဆိုင်ရာ mail တွေကို label တွေတပ်ပေးထားရင် ရှင်းလင်းသွားတာပေါ့။FilterFilter ကတော့ ကိုဆီဝင်လာတဲ mail တွေကို အမျိုအစားတခါထည်းခွဲပြီးသင့်သလိုစီမံနိုင်အောင်ပါ။ဥပမာ မိသားစုဆီကလာရင် Family သူငယ်ချင်းတွေဆီကလာရင် Friends ဆိုပြီး Label တပ်ခိုင်းလို့ရသလို website တွေကလာတဲ့ mail တွေကို news letter ဆို label လုပ်ရုံတင်မကဘူး တခါတည်း achieve လုပ်ခိုင်းလို့ရတယ်။ achieve ဆိုတာ inbox ထဲမှာမပြနဲ့ဆိုတဲ့အဓိပါယ်ပါ။ achieve လုပ်ပြီးသားတွေကို all mail, search နဲ label တွေကဆင့်ပြန်ရှာလို့ရတယ်တကယ်လို တယောက်ယောက်က spam တွေပို့နေရင်လဲ အဲဒါတွေအကုန်ကို filter လုပ်ပြီး သူ့ဆီပြန်ပို့လို့ရတယ်။Gmail လိပ်စာကိုအမျိုးမျိုးပွားဖို့Gmail နဲ တခြား webmail တချို့မှာ Plus Sign လို့ခေါ်တဲ + ပေါင်းထည့်လို့ရတဲ နည်းတခုရှိပါတယ်။ ဥပမာ-username@gmail.comက သင့်ရဲ့ gmail လိပ်စာဖြစ်မယ်ဆိုရင်username+1234@gmail.comဟာလဲသင့်လိပ်စာပါပဲusername+abcd@gmail.comဟာလဲသင့်လိပ်စာပါပဲ။ ဒါဟာ spam တိုက်ဖျက်ရေးရည်ရွယ်ချက်အတွက်ထည့်ပေးထားတာပါ။ကျွန်တော်တို့က mail ကို စာပို့ရုံသာမဟုတ်ဘဲ website တွေ community တွေမှာ member ဝင်ဖို့ identity မှတ်ပုံတင်အဖြစ်လဲသုံရပါတယ်။တကယ်လို့ စိတ်မချရတဲ့ website တခုကို member ဝင်မိလို့ သူက ကိုယ့် email ကို spam တွေ ကြေငြာတွေဆက်တိုက်ပို့တယ်ဆိုပါတော့ အဲဒါ ပို့သူက တယောက်ထဲဆို Block လုပ်လိုက်လို့ရပေမယ့် သူကတခြားသူကိုပါ ကိုယ့် email ရောင်းစားလို့ နာမည်အမျိုးမျိုးနဲဝင်လာမယ်ဆိုပြသနာပါ။ အဲဒါမျိုးကိုကာကွယ်ဖို့အတွက Plus sign ကအ သုံးဝင်ပါတယ်။ သင်က WEBSITE တခုကို Email လိပ်စာပေးတိုင်း Plus Sign သုံးပြီuးsername+websitename@gmail.comလို့ပေးလိုက်မယ်ဆို သူကဘယ်သူ့ကိုပဲရောင်းစားစား spam မှန်သမျှကusername+websitename@gmail.comဆီကိုဝင်လာမှာပါ အဲဒါဆိုသင်က filter တခုဆောက်ပြီး အဲဒီလိပ်စာကို label တပ် achieve တန်းလုပ်ထားလိုက်ရင် သင့်ကိုအနှောက်အရှက်မပေးနိုင်တော့ပါဘူး။ အဲဒီအပြင် သင်က websitename နဲတွဲပေးထားတာဆိုရင် သင့်ကိုဘယ် website ကရောင်းစာလဲသိနိုင်ပြီး google ကိုတိုင်ကြားနိုင်ပါတယ်။သင်ဟာ gmail တခုထဲသုံးတာမဟုတ်ဘဲ သင့်မှာကိုယ်ပိုင် email (client mail) သို့မဟုတ် တခြား webmail ဥပမာ yahoomail လိုရှိမယ်ဆိုရင် သင်ဟာ mail စစ်ဖို့အတွက်အလုပ်မရှုပ်ရအောင် gmail ကို တခြားmail ဆို foward လုပ်ထားနိုင်ပါတယ်။ အဲဒါဆို သင့် gmail ထဲကိုလာသမျှ mail ရဲ့မိတ်တူတစောင်ဟာ သင့်ရဲ့တခြား mail ထဲအထိရောက်လာမှာမို့ သင်ဟာ gmail ကိုဖွင့်ကြည့်စရာမလိုတော့ပါဘူး။Google ရဲ့ news alert နဲ့ web alert email များသင်က အကြောင်းအရာတခုခုရဲ့သတင်းကိုအမြဲနားစွင့်နေစရာရှိရင် google ရဲ့ alert system ဟာအကူအညီအများကြီးရပါလိမ့်မယ်။ဥပမာ ကျွန်တော့ရဲ့ mail မှာဆိုရင်  myanmar news alert daily နဲ့ intel blog alert weekly ဆိုတင်ထားပါတယ်။သင်စိတ်ဝင်စားတဲအကြောင်းအရာကိုခေါ်င်းစဉ်ပေး ပြီးရင် news/blog/web/comprehensive ကိုရွေးပေးပါ။ email ပို့တဲအကြိမ်ရေကိုလဲ တပတ်တကြိမ်၊ တနေ့တကြိမ်နဲ ဖြစ်ဖြစ်ချင်း(as it happen) ဆိုစိတ်ကြိုက်ရွေးပေးနိုင်ပါတယ်။နောက်တခုက သင်စိတ်ဝင်စားလို့အမြဲဖတ်ဖြစ်တဲ သတင်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဘလော့မှာ email subscription service ရှိရင် သင့်ရဲ့ gmail address သုံးပြီး အမြဲသတင်းတွေကို သင့်ရဲ့ email ဆီအရောက်ပို့ဆောင်ခိုင်းလိုက်ပါ။ ဒါဆို သင်ဟာ ဘယ် ဝက်ဘ်ဆိုက်ကိုမှ အချိန်ကုန်ခံဖွင့်စရာမလိုပဲ gmail အတွင်းကနေ တကမာလုံးသတင်းတွေသိနိုင်ပါတယ်။အဲလိုမတင်မကပါဘူးsent@webtomail.co.ccကိုသင်အနေနဲ့ကြည့်ချင်တဲ websit ရဲ့လိပ်စာကို subject အနေနဲပို့လိုက်ပါဒါဆို သင့်ရဲ့ mail ထဲကို အဲဒီ web စာမျက်နှာရောက်ရှိလာပါလိမ်မယ်။ (အထူးသဖြင့် website တွေ block အလုပ်ခံထားရသူတွေအတွက် အသုံးဝင်ပါတယ်)သင်က ဥပမာnanyaaung.blogspot.comကို block အလုပ်ခံထားရပြီး access denied ဖြစ်နေရင်sed@webtomail.co.ccကို အဲဒီလိပ်စာသာ subject အနေနဲ့ပို့လိုက်ပါ သင်ဟာအဲဒီ ဘလော့ကို email အတွင်းကဖတ်လို့ရပါပြီ။နောက်ပြီးသင်ဟာ blog ရေးတဲလူတယောက်ဖြစ်မယ် နောက်ပြီး သင်ရေးတဲ blog host က post via mail service လဲရှိမယ်ဆိုရင်တော့သင်က gmail ထဲမှာထiိုင်ပြီး သတင်းတွေဖတ် ပြန်လည်ပြီးထင်မြင်ချက်တွေရေးပြီး email ကတဆင့် သင့် blog မှာ Post လှမ်းတင်လိုက်မယ်ဆိုသင့်အလုပ်ဟာ ဘယ် webpage မှ သွားစရာမလိုတော့ပါဘူး။ blog မှမဟုတ်ပါဘူး တချို့သော community တွေ က သင့်ကို email မှတဆင့် သူတို့ဆီကို Photo တွေ Video တွေတင်ဖို့လိပ်စာတွေပေးထားတတ်ပါတယ်။ဒါကြောင့်သင့်ရဲ့ gmail လေးအလုပ်လုပ်နေသရွေ့ network traffic ကြောင့် website တွေဝင်မရလို့အလုပ်မပြီးတာမျိုးနည်းသထက်နည်းသွားပါလိမ့်မယ်​။


ဆရာအားလုံးကို credit ပေးပါတယ်ဗျာ


No comments:

Post a Comment