Hacking အပိုင်း ( ၁ )

Hacking လမ်းသို့လျှောက်လှမ်းနေသော စာချစ်သူတို့ မသိမဖြစ်သိထားသင့်သောVirus ဆိုတာဘာလဲ?Cracking ဆိုတာဘာလဲ?,Malware ဆိုတာဘာလဲ?, Malware ဘယ်နှမျိုးရှိသလဲ? ,IT Security ဆိုတာဘာလဲ? ( Hacking Become TheUltimate Hacker - Computer Virus, Cracking,Malware, IT Security ) စာအုပ်ကို ကိုးကားပြီးကျွှန်တော်၏အသိ ကျွှန်တော်ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး မြန်မာမှူ့ပြုထားပါတယ်စာအုပ်မှာ အခန်း ၄ ခန်းပါဝင်ပါတယ် အကုန်တစ်ခါတည်းတင်ပေးလိုက်ရင် စာကရှည်ပြီး စာချစ်သူတို့ဖတ်ရ ငြီးငွေးသွားမှာစိုးတဲ့အတွက် တစ်ရက်ကို အခန်း ၁ ခန်းတင်ပေးပါမယ်အားလုံးတင်ပေးပြီးတဲ့အခါ စာအုပ်ပုံစံချူပ်ပြီး ထပ်မံတင်ပေးပါ့မယ်ပထမအခန်း ၁ မှာတော့ Cracking ဆိုတာဘာလဲCracker ဆိုတာဘာလဲ စတာတွေကို ဖော်ပြပေးထားပါတယ်ဗဟုသုတတိုးပွားပြီး ပညာရေးတိုးတက်ကြပါစေ....Chapter 1 : Cracking – An Act Different From Hacking.Introduction.Hacking လို့ဆိုလိုက်တာနဲ့ လူတွေရဲ့မျက်လုံးထဲမှာ သူခိုးတွေကိုဘဲ မြင်ယောက်မိမှာ အသေအချာပါဘဲ။ ဘယ်နေရာမှာမဆို လူဆိုးနှင့် လူကောင်း ဆိုတာ အမြဲရှိပါတယ်။ Hacker တိုင်း သူခိုးမဟုတ်ပါဘူး။ ကောင်းတဲ့ White Hat Hackers တွေအများကြီးပါ။Hacker ဆိုတာတကယ်တော့ Security Professional ပါ။System တစ်ခုကို ထိုးဖောက်ဝင်ရောက်ပြိး ဒုက္ခပေးသော Hacker များရှိသလို System များ၏ အားနည်းချက် များကို ပြုပြင်ပေးပြိး ထိန်းသိန်းသေးထားသော Hacker များလည်းရှိပါသည်။ ယနေ့ကမ္ဘာပေါ်တွင်ကုမ္ပဏီပေါင်းမြောက်မြားစွာ အဖွဲ့အစည်းပေါင်း မြောက်များစွာသည် Black Hat Hacker များ၏ လက်ချက်ဖြင့် သန်းပေါင်းများစွာ ဆုံးရှူံးလျက်ရှိပါသည်။ ထိုသို့မဖြစ်ပေါ်စေရန် ကာကွယ်နည်းမှာ Security Professional ကျွှမ်းကျင်သူများနှင့် တိုင်ပင်ပြီး မိမိတို့၏ System or Network ကို အမြဲမပြတ် ကြည့်ရူ့စောင့်ရှောက် ထိန်းသိမ်းနေရမည် ဖြစ်သည်။.Cracking.Cracking ဆိုသည်မှာ System တစ်ခုကို ချိုးဖောက်ခြင်းဟုအဓိပ္ပါယ်ရပါသည်။ ယေဘုယျအားဖြင့် Netowrk or Computer System မျာကိုး ချိုးဖောက်ခြင်းကိုလည်း ခေါ်ဆိုပါသည်။ Cracker များသည် System များကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ချိုးဖောက်တတ်ကြပါသည်။ Cracker တစ်ယောက်ဖြစ်ဖို့ Hacking Skill အရမ်းကောင်းစရာမလိုပေ။ Cracking Tools များကို အသုံးပြုပြီး Crack နိုင်ပါသည်။ သို့သော် Programming Skill ကောင်းဖို့တော့ လိုအပ်ပေသည်။ Tools များကို အသုံးပြုပြီး Website များကို Crack နိုင်ပါသည်။ Hacker and Cracker သည်မတူညီပါ။ လူတော်တော်များများသည် Hacker and Cracker ကို တူညီသည်ဟု မှတ်ထင်တတ်ကြပါသည်။.Cracker.Cracker ဆိုသည်မှာ Computer Program များကို ချိုးဖောက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် Computer Programs များ၏ License များကို ချိုးဖျက်ခြင်း ဖြစ်သည်။ လှို့ဝှက် Code များကို ဖော်ခြင်းသည်လည်း Cracking အမျိုးအစားထဲတွင် ပါဝင်ပါသည်။.Hacking Vs Cracking.Hacking and Cracking သည် နည်းပညာလောကတွင်မတူညီသော ဘာသာရပ် နှစ်ခု ဖြစ်သည်။ သို့သော် အချို့လူများသည်Hacking and Cracking ကို ကောင်းကောင်းမကွဲကြပေ။ အတူတူဟုပင် ထင်တတ်ကြပါသည်။ ဒီသင်ခန်းစာမှာတော့ စာချစ်သူများကိုဘယ်ဟာက Hacking ဘယ်ဟာက Cracking စသည်ဖြင့် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိအောင် ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်။.Hacking ဆိုသည်မှာ Computer or Network or Website များအတွင်း သို့ ထိုးဖောက်ဝင်ရောက်ပြီး Personal Data အချက်အလက်များ ၊ အဖွဲ့အစည်းဆိုင်ရာ အရေးကြီးသော အချက်အလက်များ ၊ ကုမ္ပဏီများ၏ လှို့ဝှက်ထားသောအချက်အလက်များ ၊ Credit Cards အချက်အလက်များ စသည်တို့ကို ခိုးယူကြခြင်းဖြစ်သည်။ Hacker များသည် System များ၏ Password များကို ရအောင်ယူနိုင်စွမ်း ရှိကြပါသည်။ ထို Password များကို အသုံးပြုကာ System များထဲသို့ ထိုးဖောက် ၀င်ရောက်ပြီး Cyber Attack or Cyber Crime များကို ကျူးလွန်တတ်ကြပါသည်။.Cracking ဆိုသည်မှာ Computer Programs များ၏ License များကို ချိုးဖျက်ခြင်းဖြစ်သည်။ Computer Programs များ၏ License များကို ချိုးဖျက်ရန်အတွက် Tools များကို အသုံးပြုပြီးတော့လည်း ချိုးဖျက်နိုင်ပါသည်။ သို့တည်းမဟုတ် မိမိကိုယ်တိုင် Cracking Software များရေးသားပြီး Computer Programs များ၏ License များကို ချိုးဖျက်နိုင်ပါသည်။ ဥပမာ - Window OS များ၏ License များကို Crack နိုင်သည့် Tools ပေါင်းများစွာ ပေါ်ထွက်နေပြီဖြစ်ပါသည်။ သူများတွေတော့မသိဘူး ကျွှန်တော်တော့ ကွန်ပြူတာစကိုင်ကတည်းက ယနေ့အချိန်အထိ License Window OS တစ်ခါဘူးမျှ မသုံးဘူးသေးဘူး Crack ပြီးတော့ဘဲသုံးတာ။ Toolsတွေကလည်းပေါတာကိုး။ အဲ့လို Crack တာက တရားမ၀င်ပါဘူး။ တနည်းအားဖြင့် Cyber Crime ဖြစ်ပါတယ်။ စကာင်္ပူနိုင်ငံမှာ ကွန်ပြူတာပျက်လို့ ဆိုင်သွားပြင်တယ် ဆိုင်ကစစ်ကြည့်လို့ Window OS က Crack ထားတာဆိုဥပဒေအရအရေးယူခံရမှာပါ။ Window OS မှ မဟုတ်ပါဘူး အခြား Computer Program များကိုလည်း Crack ထားတာ တွေ့ရှိပါက အရေးယူခံရမှာပါ။အလားတူဘဲ အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း ဒီအတိုင်းပါဘဲ။ ကျွှန်တော်တို့ မြန်မာနိုင်ငံမှာနေရတာကံကောင်းပါတယ် ဒါမျိုးဘယ်သူမှ အရေးမယူဘူးလေ။ Window OS , Internet Download Manager များကို Crack နိုင်ပြီဆို သင်က Cracker အငယ်စားလေးတစ်ယောက် ဖြစ်နေပါပြီ။.Hacking များကြောင့် ယနေ့ကမ္ဘာပေါ်တွင်ငွေကြေးသန်းပေါင်းများစွာ ဆုံးရှူံးမှူ့များရှိပါသည်။ Cracking ကြောင့် ငွေကြေးဆုံးရှူံးတာလည်းရှိပါသည်သို့သော် Hacking ကြောင့် ဆုံးရှူံးရသော ငွေကြေးပမာဏနှင့် နှိုင်းစာလျှင် မပြောပလောက်သော ပမာဏဖြစ်သည်။ Hacker and Cracker များတွင် ဘုံတူညီသော အရာများရှိသည်။ ၄င်းတို့မှာ Hacker and Cracker များသည် JavaScript , PHP , MySQL ,CSS , HTML , AJAX , C++ and Other Programming Languages များကို နားလည်တတ်ကျွှမ်းထားရမည် ဖြစ်သည်။...Password Cracking.Password Cracking ဆိုသည်မှာ System တစ်ခု၏ Password များကို ဖော်ထုတ်ခြင်းဖြစ်သည်။ Password များကို Crack ရန်အတွက် Tools ပေါင်းများစွာပေါ်ထွက်နေပြီဖြစ်ပါသည်။ အကယ်၍ စာချစ်သူက Window OS Password ကို မေ့သွားခဲ့ပါက Password ကို မဖြစ်မနေ Crack ရမည်ဖြစ်သည်။ Password ကို Crack ရန်အတွက် AdministratorAccess ရရှိရန်လိုအပ်ပါသည်။ Window OS Crack ရာတွင် အသုံးဝင်လှသော Tool မှာ Ophcrack (http://ophcrack.sourceforge.net/) ဖြစ်သည်။.Website များကို Hack ပြီးသောအခါ ရရှိလာသော Password များသည် Plain Text တိုက်ရိုက်ဖော်ပြထားသော Password များရှိသလို Hash Functions များကို အသုံးပြုပြီး ၀ှက်ထားသော Password များလည်းရှိသည်။Hash Functions များကို အသုံးပြုပြီး ၀ှက်ထားသော Password များကို တွေ့ရှိရပါက Hash Function အပေါ်မူတည်ပြီး Password များကို Crack ရမည် ဖြစ်သည်။ Password Hash Functions များစွာရှိပါသည်။ MD4 , MD5, SHA1 , SHA3 , etc … စသည်ဖြင့် များစွာရှိပါသည်။ Password များကို Crack ရန်အတွက် Tools ပေါင်းများစွာ ပေါ်ထွက်နေပြီ ဖြစ်ပါသည်။ ၄င်း Tools ပေါင်းများစွာထဲမှ အသုံးဝင်ဆုံး Tools များကတော့ John the ripper, DaveGrohl, ElcomSoft, Cain and Abel, Hashcat etc… စသည်တို့ ဖြစ်သည်။


Credit -  ကိုရီချင်


No comments:

Post a Comment